ဒဂုံတက္ကသိုလ်ကျောင်းသား(၇) ဦးအား သေဒဏ်ချမှတ်ခြင်း အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း မြန်မာ့နွေဦးတက္ကသိုလ်၏ သဘောထား ထုတ်ပြန်ကြေညာချက်
from December 3rd,2022

ဒဂုံတက္ကသိုလ်ကျောင်းသား(၇) ဦးအား သေဒဏ်ချမှတ်ခြင်း အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း မြန်မာ့နွေဦးတက္ကသိုလ်၏ သဘောထား ထုတ်ပြန်ကြေညာချက်

၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ် ၏ မတရား ဖမ်းဆီးခြင်းကို ခံခဲ့ရသော ဒဂုံတက္ကသိုလ် ကျောင်းသားလူငယ် (၇)ဦး ဖြစ်သည့် မောင်ဟိန်းထက် ၊ မောင်သီဟထက်ဇော်၊ မောင်သူရမောင်မောင်၊ မောင်ခန့်လင်းမောင်မောင်၊ မောင်ခန့်ဇင်ဝင်း၊ မောင်သက်ပိုင်ဦး၊ မောင်ဇော်လင်းနိုင် တို့အား သေဒဏ်ချမှတ်ခြင်းသည် ကျွန်ုပ်တို့၏ ကျောင်းသားလူငယ်များအား လူမျိုးတုန်း သတ်ဖြတ်ခြင်းဖြစ်သည်ဟု သတ်မှတ်သည်။ ဤသို့ အသက်ရှင်သန်ခွင့်ကို ချိုးဖောက်သည့် လူမဆန်သော စစ်အုပ်စု၏ လုပ်ရပ်အား အပြင်းအထန်ကန့်ကွက်ရှုံ့ချသည်။ စစ်မိစ္ဆာလူတစ်စုသည် ရက်စက်၊ ယုတ်မာမှုတိုင်း အ‌တွက် သမိုင်းတလျှောက် နိုင်ငံရေးလှုပ်ရှားမှုများတွင် အသက်ပေးကာ တိုက်ပွဲ၀င်နေကြသော ကျောင်းသားထုနှင့် ၀န်ထမ်းထုက ပေးသည့် အမြင့်ဆုံး ပြစ်ဒဏ်ကို အပြည့်အဝ ခံယူရမည်ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာ့နွေဦးတက္ကသိုလ်သည် စစ်ကျွန်ပညာရေး အဆုံးသတ်ရေး တက်ကြွ လှုပ်ရှားနေသော ကျောင်းသားထုနှင့် တသားတည်း ရပ်တည်နေပြီး ဖက်ဒရယ် ဒီမိုကရေစီပညာရေးကို ဖော်ဆောင်ကာ နွေဦးတော်လှန်ရေးကို အောင်မြင်သည်အထိ တိုက်ပွဲ၀င် သွားမည်ဖြစ်သည်။ “စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်” မြန်မာ့နွေဦးတက္ကသိုလ် Myanmar Nway-O0 University (MNOU)

subimg

“CDM ဆရာ ဦးကောင်းခန့်ကျော်အား သေဒဏ်ချမှတ်ခြင်း အပေါ် မြန်မာ့နွေဦးတက္ကသိုလ်က အပြင်းအထန်ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ကြေညာချက်” ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်

How to Register on MES (Phone Version)

How to Register on MES (Phone Version)

How to Register on MES (Laptop Version)

How to Register on MES (Laptop Version)